Friday, 19 October 2018
လက္ခဏာသည် ကံ၏ အရိပ်
ဥပမာပေးရရင်
ဇေယျတုသဗ္ဗမင်္ဂလံ
မေတ္တာမွန်ဖြင့်
ပုညကလျာဏီ
၃၀/၄/၁၈
လက်ရဲ့ ဘယ်နေရာမှာ မှဲ့ပါလို့ ဘာဖြစ်တတ်တယ်၊မကောင်းဘူး၊ မှဲ့ကို ဖျက်ရမယ် ဆိုသော အယူအဆ နှင့်  ပတ်သတ်၍🤨🤨🤨
လက္ခဏာ အရေးအကြောင်းတို့ ၊ မှဲ့တို့မည်သည်  လူတစ်ဦးတစ်ယောက်ချင်းစီ၏ ကောင်းကံ၊ ဆိုးကံကို တွက်ဆနိုင်သော အရာများဖြစ်သည် ။
ဥပမာပေးရရင်
ဘာနဲ့တူသလဲဆိုတော့ လူရဲ့အရိပ်နဲ့တူတယ်။ လူရဲ့အရိပ်ကို မကောင်းလို့ ဖျက်ပစ်မယ်၊ မီးရှို့ပစ်မယ် စသည်အားဖြင့်  လုပ်လို့ အကျိုးထူးမည်လား ။ 🤔🤔
အခန့်မသင့်လို့ မှဲ့ကိုဖျက်ဖို့ကြိုးစားရင်း မေးခိုင်ပိုးဝင်မှ မိအေး ၂ ခါနာဖြစ်ရော့မယ်။😕😕
ပုံမှန်မဟုတ်ပဲ ထူးခြားနေသော မှဲ့ မျိုးဆိုရင်တော့ အရေပြားအထူးကု ဆရာဝန်တို့နှင့်တိုင်ပင် ကုသသင့်ပါတယ်။ မိမိသဘောဖြင့် အပ်၊ အချွန်၊ဓါး သုံးပြီး လုပ်ဆောင်မှု မျိုး မလုပ်သင့်ပါရှင်။
ကိုယ့်ရဲ့ကုသိုလ်ကံ  အကုသိုလ်ကံတွေက လက်မှာ အရိပ်အနေနဲ့လာထင်တာ။ လက် ၂ ဖက်လုံး ဖြတ်ပစ်လိုက်ရင်ရော ....????
စဉ်းစားစေချင်ပါတယ် မိတ်ဆွေတို့ရယ်😒😒
လက္ခဏာတွေ ၊မှဲ့တွေကို ဖျက်ပစ်ရမှာလား??မိမိရဲ့ မကောင်းတဲ့ အကျိုးပေးမယ့် အကုသိုလ်ကံတွေကို ကုသိုလ်ကောင်းမှုတွေ ပိုပြုရင်း ပြောင်းလဲပစ်ရမှာလား??စဉ်းစားစေချင်ပါတယ် မိတ်ဆွေတို့ရယ် ❤️❤️
စဉ်းစားချင့်ချိန်ပြီးလုပ်ကြဖို့ တိုက်တွန်းရင်း
ဇေယျတုသဗ္ဗမင်္ဂလံ
မေတ္တာမွန်ဖြင့်
ပုညကလျာဏီ
၃၀/၄/၁၈
No comments:
Post a Comment
တနလာင်္ဂြိုလ်ခုံသို့ အသက်လမ်းကြောင်း
အသက်လမ်းေကြာင်းသည် တနင္်လာဂြိဳလ်ခုံ ဘက်ကို ေရာက်နေၾလႇင် ခရီးသွားလာမွုကို ကြိဳက်ႏွစ်သက်မည်။လုပ်ငန်း/ဘဝလမ်းေကြာင်းအတွက် နိုင်ငံေပါင်းေမြာက်မ...