ပိဋကတ်ထဲက ဗေဒင်ပညာ
"""""""""""""""""""""""""""""
ပိဋကတ်တော်မှာ
မွေးနေ့မွေးရက်မွေးချိန် နာမည်တွေနဲ့
ဟောရတဲ့ ဗေဒင်ထက်စာရင်
အရုပ်အသံကို ကြည့်ဟောတဲ့
ရူပသျှတ္တရ လက္ခဏာ ဗေဒင်ပညာက
ပိုမျက်နှာရတာ ကိုတွေ့ရပါတယ်။
ယေဘုယျအားဖြင့် စဉ်းစားကြည့်ရင်တောင်
မွေးနေ့မွေးရက်မွေးချိန်မွေးရာတွေ ဘယ်လောက်တူတူ အသွင်သဏ္ဌာန်ခြားနား နေကြတဲ့ လူတွေဟာ ဘဝအခြေအနေခြားနေကြတယ် မဟုတ်ပါလား?
မဟာပုရိသလက္ခဏာကျမ်း
ဆိုတာကို ဘုရားရှင်က အသိအမှတ်ပြုတော်မူပါတယ်။ မူရင်းလက္ခဏာကျမ်းကတော့ လူအားလုံးကို ဟောလို့ ရချင်ရပါလိမ့်မယ်။
မြတ်စွာဘုရားရှင်ကတော့ ဒေသနာတော် အားလျော်စွာ မဟာပုရိသ လက္ခဏာတော် ၃၂-ပါးရဲ့
အကြောင်းကို အချင်းအရာ ၃-ပါးလုံးနဲ့ ဟောတော်မူပါတယ်။
မဟာပဒါနသုတ် နှင့် လက္ခဏသုတ်တို့ကို ရှု့ပါ။
ဘုရားရှင် ဆိုတာ ယထာကမ္မူပဂဉာဏ်မှာ အထွဋ်အထိပ်သို့ရောက်တော်မူလို့
၁။ လက္ခဏာ (အမှတ်အသား)
၂။ လက္ခဏာရဲ့ အကျိုးပေး
၃။ လက္ခဏာ ပေါ်ရခြင်း၏ အကြောင်းကံ
ဤ သုံးပါးစလုံးကို အတိအကျ သိတော်မူပါတယ်။
‘‘ဣမာနိ ခေါ, ဘိက္ခဝေ, ဒွတ္တိံသ မဟာပုရိသဿ မဟာပုရိသလက္ခဏာနိ ဗာဟိရကာပိ ဣသယော ဓာရေန္တိ, နော စ ခေါ တေ ဇာနန္တိ – ‘ဣမဿ ကမ္မဿ ကဋတ္တာ ဣဒံ လက္ခဏံ ပဋိလဘတီ’တိ။ (ဒီ၊၃၊၁၁၉)
တန်ခိုးကြီးသော ဗေဒင်ဝိဇ္ဇာတို့သော်မှ
လက္ခဏာ နဲ့ လက္ခဏာရဲ့ အကျိုးပေးကိုသာ သိကြပါတယ်။ အကြောင်းကံကိုတော့ မှန်းဆလို့သာ ရပါတယ်။ ကမၼဝိသယ အစိႏၱယ်ကိုး။
ကံ-ကံ၏ အက်ိဳး
ကမ္မဝါဒီ လို့ မျက်စိမှိတ် ကြွေးကြော်နေကြတဲ့ ပုဂ္ဂိုလ်တွေကတော့ လက္ခဏာ ကိုလည်း မဖတ်တတ်၊ လက္ခဏာ ရဲ့ အကျိုးပေးကိုလည်း မသိ၊ လက္ခဏာရဲ့ အကြောင်းတရားကိုလည်း မသိရှာကြပဲ
ဣဋ္ဌာရုံ တခုခုကြုံလာမှ "အော်၊ ဒါ ကုသိုလ်အကျိုးပေး"
အနိဋ္ဌာရုံ တခုခုကြုံလာမှ "အော်၊ ဒါ အကုသိုလ်အကျိုးပေး" လို့
လက်ခံယူဆကြရပါတယ်။
လက္ခဏာပုံရိပ် ဆိုတာကို
ကံအကျိုးပေး ကောင်းခြင်း မကောင်းခြင်း အခြင်းအရာတွေအတွက်
ဥပဓိသမ္ပတ္တိ
ဥပဓိဝိပ္ပတ္တိ အနေနဲ့ စဉ်းစားရမှာဖြစ်ပါတယ်။
ဒီအချိန်မှာ
မွေးနေ့မွေးရက်တွေကလဲ
ကာလသမ္ပတ္တိ ကာလဝိပ္ပတ္တိ အနေနဲ့
ယူဆစဉ်းစားရမှာပါ။
ကောင်းကင်နက္ခတ် ဂြိုလ်နေဂြိုလ်သွားတွေကို
ကြည့်ပြီး ဟောချက်ထုတ်တဲ့ ပညာရပ်ကိစ္စတွေကို
ဇာတကအဋ္ဌကထာများမှာ တွေ့ရမှာပါ။
ဒီလို ဇာတ်တော်တွေမှာတော့ ဗေဒင်မှန်သလို လူကလဲ အချိန်အခါကြည့် လုပ်ဆောင်အောင်မြင်ကြတာမျိုး တွေ့ရပါတယ်။
အခြားတဖက်မှာ
လူ့ကံ ကို ဘာမှ သက်ရောက်မှု မရှိသလို
နာမည်ပညတ်ကလည်း ဘဝကံနဲ့ ဘာမှမဆိုင်ကြောင်း
ဟောထားတဲ့ ကျမ်းချက်ဒေသနာများကို တွေ့ရပါတယ်။
သူတော်ကောင်း လမ်းစဉ်, သူယုတ်မာ လမ်းစဉ် ကို
ရွေးချယ်လျောက်လှမ်းရာမှာ
နာမည်တွေ နက္ခတ်တွေ ရုပ်ဥပဓိတွေ အတိတ်ကံတွေ
ဘာမျှ အရေးမပါပဲ
မိမိ ဘယ်လို ရွေးချယ် လျောက်လှမ်းမယ်
ဆိုတာသာ အရေးပါပါတယ်။
ဗေဒင်ပညာရပ်ဟာ ပိဋကတ်နဲ့ ညီညွတ်သည်ဖြစ်စေ မညီညွတ်သည်ဖြစ်စေ အရေးကြီးသည့် ကိစ္စ မဟုတ်ပါဘူး။
အရေးကြီးတာက ဘာလုပ်လုပ် တရားတော်နဲ့ လျော်ညီဖို့ရယ်နဲ့
လက်တွေ့ လောကကို ဘယ်လို အကျိုးပြုသလဲ ဆိုတာပါပဲ။
သစ္စာပြု ပရိတ်ရွတ်တိုင်းတောင် တန်ခိုးတွေ ချက်ချင်း ထမပြတဲ့ ဒီလောကကြီးထဲမှာ ဗေဒင်ပညာလဲ အကန့်အသတ်တွေရှိနေတာ မဆန်းပါဘူး။
အိုးးးးး, ပိဋကတ်အဋ္ဌကထာဒေသနာထဲ ရုပ်လက္ခဏာတွေ, ဂြိုလ်နက္ခတ်အဟောတွေ ပါတယ်ဆိုလို့
ဗေဒင်ပညာ ကို ယုံရမယ်,မေးရမယ် မဆိုလိုပါဘူး။
ထို့အတူ
ဗေဒင်ဆရာတိုင်း
ဟောချက်အကုန် မှန်ချင်မှ မှန်မှာပါ။
မှန်တာတောင် အကျိုးရှိချင်မှ ရှိမှာပါ။
အကျိုးရှိတာတောင် အပြစ်ကင်းချင်မှ ကင်းမှာပါ။
မှန်ကန် အကျိုးရှိ အပြစ်ကင်းတာတောင် မေးသူကံနဲ့ အပ်စပ်ချင်မှ အပ်စပ်ပါလိမ့်မယ်။
မှန်ကန် အကျိုးရှိ အပြစ်ကင်းအောင် ကြိုးစားရမှာက ဗုဒ္ဓဘာသာ ဗေဒင်ဆရာတို့၏ အပိုင်းဖြစ်ပြီး
ကုသိုလ်ကံတိုးပွား အကုသိုလ်ကံဆုတ်ယုတ်အောင် ကြိုးစားရမှာကတော့ ဗုဒ္ဓဘာသာဝင်တို့ တာဝန်ပါ။
မေးမြန်းဆွေးနွေးခြင်းဖြင့် ပညာရှိမရှိကို သိရာ၏၊
အရေးကြုံမှ အစွမ်းအစကို သိရာ၏၊
စိရံ တိဋ္ဌတု သဒ္ဓမ္မော
ဓမ္မေ ဟောန္တု သဂါရဝါ
ဆရာကျော်ဆန်းလွင်
No comments:
Post a Comment