[Zawgyi Font]
အပိုင်း (၃)
駱駱駱駱駱駱駱駱駱駱
အိမ်ထောင်ရေး
~~~~~~~~~
~~~~~~~~~ ~~~~~~~~~~~~~
ဇေယျတုသဗ္ဗမင်္ဂလံ
မေတ္တာမွန်ဖြင့်
ပုညကလျာဏီ
[Unicode Font]
လက်ပြတ်အကြောင်း သိကောင်းစရာ
အပိုင်း (၃)
駱駱駱駱駱駱駱駱駱駱
အိမ်ထောင်ရေး
~~~~~~~~~
လက်ပြတ်လက္ခဏာ ရှိသောသူတို့သည် ချစ်ရဲမုန်းရဲကြသည်။
Relationship တခုမှာ အစဉ်ချစ်ခင်၍ သစ္စာရှိသည်။ ဘဝတလျောက်လုံးအတွက် မိမိ ချစ်ရသူ ပျော်ရွှင်စေရန် မည်သည့်အရာကိုမဆို လုပ်ပေးသည်။ သူတို့ မချစ်တော့ဘူး ဆိုလှင်တော့ အလွန်မုန်းတီးသွားပြီး ကြီးစွာအခက်တွေ့အောင် ပြုလုပ်လေ့ရှိသည်။ လက်ပြတ်လက္ခဏာ ရှိသောသူနှင့် ချစ်ကြိုက်မိလျှင် ထို အချက်ကို သတိပြုသင့်သည်။
လက်ပြတ်လက္ခဏာ ရှိသောသူတို့သည် လူတွေအပေါ် သံသယများ၍ ယုံကြည်နိုင်ခဲသောကြောင့် အိမ်ထောင်ရေးနှင့် ပတ်သက်လာလှင် သူတို့၌ အစွန်းရောက်သော အမြင်ရှိသည်။
ယုံကြည်မှု ကင်းမဲ့သွားသည့်အခါ လက်ပြတ်အမျိုးသားများသည် ခံသာသေးသည်။ အဘယ်ကြောင့်ဆိုသော် ယေဘုယျအားဖြင့် သူတို့သည် လုပ်ငန်းခွင်ထဲ အလုပ်ထဲ၌ စိတ်နှစ်လုပ်ကိုင်တတ်ကြ၍ ဖြစ်သည်။ သို့သော် အမျိုးသမီးအတွက် ဆိုလျှင် အလွန်ဆိုးရွားတတ်သည်။ အဘယ်ကြောင့်ဆိုသော် Relationship တခု အပေါ်တွင် အလေးအနက်အလွန်ထားသောကြောင့် အဆင်ပြေနိုင်ရန် မိမိကိုယ်ကို ထိန်းချုပ်ဖို့ အလွန်အင်မတန် ခဲယဉ်းလှသည်။
လက်ပြတ်အမျိုးသမီးများအကြောင်း
~~~~~~~~~ ~~~~~~~~~~~~~
မိမိကိုယ်ကို ရပ်တည်နိုင်စွမ်းနှင့် စွမ်းဆောင်နိုင်စွမ်း မြင့်မားလွန်းသည့်အတွက် အိမ်ထောင်ဖက်အပေါ်၌ ကံမကောင်းစေတတ်ဟု ရှေးရိုးလက္ခဏာပညာရပ်များ၌ ယုံကြည်ကြသည်။ ကံကြမ္မာ၏ စိုးမိုးချယ်လှယ်မှုကို မနှစ်သက်ကြပါ။ ရိုးရာအစဉ်လာ လွှမ်းမိုးမှုနှင့် မမြင်ရသော ပရလောကတို့ကို ခုခံခံနိုင်ရည်စွမ်း မြင့်မားကြသည်။ ထို့ကြောင့် အမျိုးသားဦးဆောင် လွှမ်းမိုးချုပ်ကိုင်ရသော လူမှုအဖွဲ့အစည်း, လူ့အသိုင်းအဝိုင်း, နိုင်ငံတို့တွင် ဤကဲ့သို့သော အမျိုးသမီးများသည် ခင်ပွန်းသည်အတွက် စိန်ခေါ်မှု တရပ်ဖြစ်လာသဖြင့် ခင်ပွန်းသည်ကိုကံဆိုး စေ၍ အိမ်ထောင်ရေး အဆင်မပြေ ဖြစ်နိုင်သည်။
လူ့အခွင့်အရေး ဖွံ့ဖြိုးလာသည်နှင့်အမျှ အမျိုးသား အမျိုးသမီး တန်းတူ အခွင့်အရေး ရှိလာသောအခါ ထိုသို့သော အမျိုးသမီးများသည် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေ ပြုနိုင်ပြီး အစိုးရအဏာပိုင် အရာရှိ အရာခံ အမျိုးသမီးများ, ပညာရှင် အမျိုးသမီးများ ဖြစ်လာကြသည်။ ထိုလက်ပြတ်လက္ခဏာရှိသော အမျိုးသမီးတို့သည် အစွမ်းအစရှိပြီး အိမ်ထောင်ရေးအဆင်မပြေမှု ရှိသော်ငြားလဲ သည်းခံသည့် သဘောထားနှင့် ဆက်ဆံရေး ရှိခြင်းကြောင့် သူတို့သည် ထိုအဆင်မပြေမှုများကို လျော့ပါးသက်သာစေပါသည်။ ထို့ကြောင့် ခင်ပွန်းသည်ကို ကံဆိုးစေခြင်းမှာ မဖြစ်စလောက်သာ ဖြစ်တော့သည်။
လက်ပြတ်လက္ခဏာ ရှိသော အမျိုးသမီးသည် ရည်ရွယ်ချက်ကြီးမား မြင့်မားကြသည်။ ထို ရည်ရွယ်ချက်ရည်မှန်းချက်ကို မှန်မှန်ကန်ကန် အသုံးချနိုင်လျှင် ထူးချွန်ပြောင်မြောက်သော အောင်မြင်မှုကို ဖန်တီးနိုင်ကြသည်။
လက်ပြတ်လက္ခဏာရှင် အမျိုးသားများ အကြောင်းနှင့် အလုပ်အကိုင် တို့အကြောင်းကို အပိုင်း (၄) တွင်ဆက်ပါဦးမည်။
ဇေယျတုသဗ္ဗမင်္ဂလံ
မေတ္တာမွန်ဖြင့်
ပုညကလျာဏီ
[English Version]
Marriage
People with simian line dare to love and hate and they are fully devoted once in a relationship and do everything to make the lover happy for the whole life. Once they no longer love, however, they will hate very much and make the other highly embarrassing. If you fall in love with someone of this kind, you should be quite careful. Since they are suspicious and hardly trust anyone, they have the extreme view of marriage: men are better because they are generally career-oriented but for women, it will be very terrible once the trust is lost because they are quite serious towards a relationship and can hardly control themselves to go for perfect.
Women with Simian Line
In traditional palmistry, women with a simian line are believed to have bad luck to husband as they are highly independent and capable, don't like to be swayed by destiny and have the resistance against tradition and rebellious spirit. Therefore, this kind of women are regarded as the challenge to the authority of husband in the patriarchal society and have a poor marriage and bad luck to husband. As the society opens up, men and women enjoy the equality and this kind of women can better adapt to the society and become the iron ladies and professional females. Although they are mighty and have complaint to marriage, they can reduce the conflicts with a tolerant attitude and communication and make the bad luck to husband insignificant. Women with a simian line tend to be ambitious and they can make outstanding achievements if the ambition is used properly.

No comments:
Post a Comment