Friday, 28 December 2018
ပျော်ရွှင်ရသော ကံလမ်းကြောင်း
ပုညကလျာဏီ
၂၈/၁၂/၁၈
ကံလမ်းကြောင်းသည် အသက်လမ်းကြောင်းမှ စတင်၍ထွက်ပေါ်ခဲ့လျှင်  စွမ်းအင်ပြည့်ဝကာ  ဘဝရပ်တည်နိုင်စွမ်းမြင့်မားသည်။ ကြိုးစားမှုနှင့်အတူ မိမိ၏ social status လျင်မြန်စွာ အဆင့်မြင့်လိမ့်မည်။ဘဝမှာ ထူးထူးခြားခြား အောင်မြင်မှု မရခဲ့လျှင်တောင်မှ ဤသို့သောလက္ခဏာရှင်တို့သည် မိမိဘဝ မိမိကျေနပ်၍ ပျော်ရွှင်စွာ ဖြတ်သန်းလေ့ရှိကြသည်။
ပုညကလျာဏီ
၂၈/၁၂/၁၈
If your fate line starts joined to the life line, it shows you have a strong vitality and are full of energy. Your social status could be upgraded quickly with your hard working. Even though there is not great achievement during your life, you could be satisfied and enjoy a happy life.
Tuesday, 18 December 2018
ပြဿနာကြီးသော အိမ်ထောင်ရေးလမ်းကြောင်း
ပုညကလျာဏီ
၁၈/၁၂/၁၈
အိမ်ထောင်ရေးလမ်းကြောင်းသည် အဆုံး၌ ကွဲသွားလျှင် , အိမ်ထောင်ရေး ပြဿနာကြီးများ ရှိခြင်း နှင့် ခွဲခွာ ၊ကွဲကွာရခြင်း ကို ပြ၏။
ပုညကလျာဏီ
၁၈/၁၂/၁၈
If the marriage line has split ends, it indicates marriage crises and separation.
ချမ်းသာနိုင်သော ကံလမ်းကြောင်း
ပုညကလျာဏီ
၁၆/၁၂/၁၈
Unicode ယူနီကုဒ်
ကံလမ်းကြောင်းသည် လက်ခလယ်ထိ ရောက်နေခဲ့လျှင် , ကောင်းသောအမှတ်အသားဖြစ်သည်။ထို ကံလမ်းကြောင်းသည် အဟ သို့မဟုတ် အပြတ်အတောက် မရှိခဲ့လျှင် ဘဝတစ်လျှောက်လုံးကောင်းစားလိမ့်မည်။
ကံကောင်းချမ်းသာလိမ့်မည်။
ပုညကလျာဏီ
၁၆/၁၂/၁၈
When fate line reaches to the base of the middle finger,it is a very good sign. If there is no gap on this line, then it will favor the person for his entire life. He will be fortunate and wealthy.
Monday, 10 December 2018
ဖြတ်သွားလျှင် ......
ပုညကလျာဏီ
၁၀/၁၂/၂၀၁၈
Unicode
အိမ်ထောင်ရေး လမ်းကြောင်းကို
ဒေါင်လိုက်မျဉ်းတစ်ကြောင်းက
ဖြတ်သွားလျှင် ......
အိမ်ထောင်ဘက်၏ အသက်အန္တရာယ်ကို ပြသည်။
အိမ်ထောင်ဘက် ရုတ်တရက်သေဆုံးခြင်း ဖြစ်နိုင်သည်။
ဒေါင်လိုက်မျဉ်းသည် မှိန်နေလျှင် .....
အိမ်ထောင်ပြုရာတွင် အခက်အခဲအချို့ ရှိနေခြင်းကိုပြ၍ နှောင့်နှေးကြန့်ကြာတတ်သည်။
ယခု လက္ခဏာရှင်သည် အသက် ၄၀ ရှိနေ၍
လွန်ခဲ့သည့် တစ်လက လက္ခဏာရှင်၏
အိမ်ထောင်ဘက် ရုတ်တရက်ဆုံးပါးသွားခဲ့သည်။
ပုညကလျာဏီ
၁၀/၁၂/၂၀၁၈
When there is a vertical line cutting the marriage line , it indicates threat to the life of the partner. There may be sudden death of the spouse. If the vertical line is weak, it indicates some obstacles for the marriage which delay the marriage.
Wednesday, 5 December 2018
သောကြာဂြိုလ် စကာကွက်
သတိ-ပညာဖြင့်
ပုညကလျာဏီ
၅/၁၂/၂၀၁၈
လေးထောင့် စကာကွက် သည် သောကြာဂြိုလ်ခုံတွင်ပါရှိနေလျှင်  ဘဝတစ်လျှောက်လုံး ကာမရာဂ ခံစားချက်များ ၊ ချစ်စိတ် ပြင်းပြခြင်းတို့ ရှိနေလိမ့်မည်။
သတိ-ပညာဖြင့်
မိမိကိုယ်ကို ချင့်ချိန်ထိန်းသိမ်း စောင့်ရှောက်နိုင်ကြပါစေ
ပုညကလျာဏီ
၅/၁၂/၂၀၁၈
If there is mesh present on the Venus mount, the person will have feelings of passion and lust all through the life.
Monday, 3 December 2018
မေတ္တာချစ် နှလုံးလမ်းကြောင်း
ပုညကလျာဏီ
၃/၁၂/၂၀၁၈
နှလုံးလမ်းကြောင်းသည် ကောင်းမွန်စွာ ကွေး၍ လက်ညိုးအောက် တလျှောက် ပုံပါအတိုင်း သွားနေလျှင် စိတ်စေတနာကောင်းသည့် သဘာဝရှိသည်။
အတ္တကင်းမဲ့စွာဖြင့် ချစ်တတ်လေ့ရှိသည်။
မည်သည့် ပတ်သက်ဆက်နွယ်မျိုးကမဆို
မျှော်လင့်ချက်တစုံတရာ မပါဘဲချစ်တတ်သည်။
((ဆရာမသည် အများသူငါ တိုက်ဆိုင်စစ်ဆေးလေ့လာနိုင်ရန် အလို့ဌာ ဤကဲ့သို့ လက္ခဏာပညာပေး post များ တင်ပေးနေခြင်းဖြစ်ပါသည်။ဆရာမ မှာ လဲ အလုပ်ကိစ္စများရှိသဖြင့်
comment များကို တစ်ဦးချင်းစီ ပြန်လည်မဖြေကြားနိုင်သည်ကို နားလည်ပေးကြပါရန် နှင့် မိမိတို့၏ လက္ခဏာများကို ဆရာမနှင့်စစ်ဆေးလိုပါက ဆရာမ ဟောခန်းသို့ ကြွရောက်ခြင်းဖြင့် ၎င်း ၊ messenger သို့မဟုတ် viber မှမေးမြန်းဆွေးနွေးခြင်းဖြင့်၎င်း ပြုလုပ်နိုင်ပါသည်။ ))
ပုညကလျာဏီ
၃/၁၂/၂၀၁၈
If the heart line takes a nice curve and runs all the way under the Jupiter finger as shown indicates that the person is indealisric in nature.
The person selflessly love others without expecting anything in return whether it is in the love matters or relationship.
Sunday, 2 December 2018
ပြတ်တောက်နေသော အိမ်ထောင်ရေးလမ်းကြောင်း
ပုညကလျာဏီ
၂/၁၂/၂၀၁၈
အိမ်ထောင်ရေး လမ်းကြောင်းပြတ်နေလျှင်
အိမ်ထောင်ရေးတွင် ပြဿနာများ၊ အခက်အခဲများ အလွယ်တကူကြုံရတတ်သည်။
အိမ်ထောင်ဘက်နှင့် အကြိမ်ကြိမ်အခါခါ စကားများ ရန်ဖြစ်ရ၍ နောက်ဆုံးတွင် ကွာရှင်းပြတ်စဲရတတ်သည်။
ပုညကလျာဏီ
၂/၁၂/၂၀၁၈
The broken marriage line shows you are easy to meet setbacks in marriage. The serious situation is that you have many quarrels with your partner and end in divorce.
ကြီးမားဖွံ့ဖြိုးသော တနင်္ဂနွေဂြိုလ်ခုံ
ပုညကလျာဏီ
၃၀/၁၁/၂၀၁၈
တနင်္ဂနွေ ဂြိုလ်ခုံသည် ပြည့်ြဖိုး မို့မောက်နေလျှင် အနုပညာနှင့် စာပေဘက်တွင် မွေးရာပါ ဗီဇ ပါကာ ထူးချွန်လေ့ရှိသည်။ဆိုလိုချင်တာက ပန်းချီဆရာ၊ ပြဇာတ်ဆရာ စတာတွေ ဖြစ်စရာမလိုပါဘူး။ အဝတ်အစား ၊ အိမ်၊ရုံးခန်း တာတွေကို လှပကြော့ရှင်းစွာ နဲ့ အနုပညာဆန်ဆန် အလှဆင်တဲ့နေရာမှာ အင်မတန် ထူးချွန်လေ့ရှိကြသည်။ထို့အပြင် သူစိမ်း တစ်ယောက်ကိုတောင် မေတ္တာထား ကူညီဖို့ ဆန္ဒရှိနေကြသူ များဖြစ်သည်။
အမျိုးသားများအတွက် ဆိုရင် စီးပွားရေးမှာ ပိုက်ဆံရလွယ်၍
အမျိုးသမီးများမှာ မူ  ချမ်းသာသော အမျိုးသားနှင့် လက်ထပ်ရဖို့ အခွင့်အရေးများကြောင်းကို ပြသည်။
ပုညကလျာဏီ
၃၀/၁၁/၂၀၁၈
If the Mount of Apollo is well developed, you are usually clever, mild and have an instinct for art and literature. You don’t have to be a painter, artist or dramatist but you are very particular about clothes and like the house and office to be decorated elegantly and artistically. Besides, you are compassionate and willing to help others even he/she is a stranger. In wealth, the male are easy to make money in business and the female usually have a high possibility of marrying a rich man.
တနလာင်္ဂြိုလ်ခုံသို့ အသက်လမ်းကြောင်း
အသက်လမ်းေကြာင်းသည် တနင္်လာဂြိဳလ်ခုံ ဘက်ကို ေရာက်နေၾလႇင် ခရီးသွားလာမွုကို ကြိဳက်ႏွစ်သက်မည်။လုပ်ငန်း/ဘဝလမ်းေကြာင်းအတွက် နိုင်ငံေပါင်းေမြာက်မ...